ယင်းသည် နယ်နိမိတ်ကို ဖြတ်ကျော်သောအသက်ကယ်သင်္ဘောဖြစ်သည်

(GMT+08:00)2022-10-14 16:26:24  

တရုတ်ရေတပ်မှ "Peace Ark" ဆေးကုသမှုသင်္ဘောသည် ၂၀၀၈ခုနှစ် ဒီဇင်ဘာလက စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း "Peace Ark" ဆေးကုသင်္ဘောသည် နိုင်ငံနှင့် ဒေသ ၄၃ ခုသို့ သွားရောက်ပြီး၊ လူ ၂သိန်း ၃သောင်းကျော်အတွက် ဆေးကုဝန်ဆောင်မှုများကို ထောက်ပံ့ပေးခဲ့သည်။ အချို့နိုင်ငံမှ စစ်သင်္ဘောများသည် လေယာဉ်နှင့် အမြောက်များကို သယ်ဆောင်လာကြောင်း၊ သို့သော် တရုတ်စစ်သင်္ဘောမှာမူ မိမိတို့၏ ကျန်းမာရေးအတွက် ဆေးဝါးများနှင့် ဆရာဝန်များကို သယ်ဆောင်လာကြောင်း နိုင်ငံခြားသားအချို့က ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။