ယူကရိန်းနေရာများစွာတွင် လေကြောင်းရန်ကာကွယ်ရေး သတိပေးဥသြသံ ထွက်ပေါ် လာပြီး ပြည်သူများ မြေအောက်ရထားဘူတာရုံသို့ သွားရောက်ခိုလှုံ

(GMT+08:00)2022-10-14 16:22:12  

အောက်တိုဘာလ ၁၁ ရက်နေ့က ရုရှားSpuntnik သတင်းဌာနသည် ယူကရိန်း Strana.ua မီဒီယာမှ သတင်းအချက်အလက်ကို ကိုးကား၍ ထုတ်ပြန်သည့် သတင်းတွင် ယူကရိန်းနေရာများစွာ၌ တိုက်ခိုက်မှုခံရပြီး လေကြောင်းရန် ကာကွယ်ရေး စနစ် စတင်အသုံးပြုကာ တစ်နိုင်ငံလုံး ဒေသအများစု၌ သတိပေးဥသြသံ ထွက်ပေါ်လာကြောင်း၊ ယူကရိန်းKyivမြို့တွင် ပြည်သူ အမြောက်အမြားက မြေအောက်ရထားဘူတာရုံသို့ သွားရောက်ခိုလှုံကြကြောင်း ဖော်ပြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။