“ထျန်းကုန်း စာသင်ခန်း” သင်ခန်းစာ(၃) အောင်မြင်စွာ သင်ကြား

(GMT+08:00)2022-10-13 12:41:18  

    အောက်တိုဘာလ ၁၂ ရက်နေ့  ညနေ ၄နာရီ ၁မိနစ်က “ထျန်းကုန်း စာသင်ခန်း” သင်ခန်းစာ(၃)ကို တရုတ်အာကာသစခန်းတွင် စတင်ခဲ့ပြီး ရှင်ကျိုး-၁၄မှ အာကာသ ယာဉ်မှူး ချန်တုန်း၊ လျိုယန်၊ ချိုက်ရွှိကျယ် တို့သည် လူငယ်များအတွက် အာကာသ သင်ခန်းစာ သင်ကြားပေးကြပါသည်။ ယင်းသည် တရုတ် အာကာသယာဉ်မှူးများက ပထမဆုံးအကြိမ် ဝင့်ထျန်း အာကာသ စမ်းသပ်ခန်းတွင် သင်ခန်းစာ သင်ကြားပေးခြင်း ဖြစ်သည်ဟု  China Media Group မှ သတင်းအရ သိရပါသည်။