တောင်ကိုရီးယား ပစ်လွှတ်သော ဒုံကျည် တစ်လုံး ပျောက်ဆုံး

(GMT+08:00)2022-10-13 16:27:04  

ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်း မအောင်မြင်ဘဲ၊ လေတပ်စခန်းကို မတော်တဆ ဗုံးကြဲခဲ့သည့်နောက် ကိုရီးယားစစ်တပ်၏ ဒုံးကျည်ပစ်လွှတ်မှုတွင် မတော်တဆမှု နောက်ထပ်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ တောင်ကိုရီးယားစစ်တပ်သည် အောက်တိုဘာလ လဆန်းပိုင်းက မြေပြင်မှ မြေပြင်ပစ်ဒုံးကျည် (ATACMS)နှစ်လုံးကို ပစ်လွှတ်ခဲ့ပြီး ယင်းတို့အနက် တစ်လုံး ပျောက်ဆုံးသွားကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးဌာနချုပ်မှ အောက်တိုဘာလ ၁၃ ရက်နေ့က ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။