ဂျပန်၏ Haimas ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်းကို ရုရှား ပြင်းထန်စွာ ကန့်ကွက်

(GMT+08:00)2022-10-13 12:43:25  

အောက်တိုဘာလ ၁၀ ရက်နေ့က ရုရှားနှင့်နီးစပ်သော ဟော့ကိုင်းဒိုး လေ့ကျင့်ကွင်း၌ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေရိကန် စစ်ရေးလေ့ကျင့်ပွဲ ပြုလုပ်ခဲ့ရာ Haimas ဒုံးပစ်လောင်ချာကို စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၂ ရက်နေ့က ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

အဆိုပါ လေ့ကျင့်ကွင်း၌ Haimas အစရှိသော တာဝေးပစ် လက်နက်များကို စမ်းသပ်မှု ပြုလုပ်မှာ မဟုတ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကတိပြုထားသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။