ရှင်းကျန်း ချယ်မိုခရိုင်တွင် တရုတ်မို ၉ သောင်းကျော် အကျယ်အဝန်းရှိသော Cistanche salsa ရိတ်သိမ်းထား

(GMT+08:00)2022-10-13 12:39:28  

ယခုရက်များတွင် တာက်လာမာကန် သဲကန္တာရအတွင်းရှိ ရှင်းကျန်း ချယ်မိုခရိုင်တွင် တရုတ်မို ၉ သောင်းကျော် အကျယ်အဝန်းရှိသော Cistanche salsa ရိတ်သိမ်းထားသည်။ Cistanche salsaသည် ဆေးဖက်ဝင်ပြီး“သဲကန္တာရဂျင်ဆင်း”လို့ ခေါ်ဝေါ်လေ့ရှိသည်။ လက်ရှိအချိန်တွင် ချယ်မိုခရိုင်တွင် Cistanche salsa စိုက်ပျိုးမြေ ဧရိယာအကျယ်အဝန်းသည် တရုတ်မို ၉ သောင်း ၁ ထောင် ၁ ရာရှိပြီး သီးထွက်ပမာဏမှာ တန်ချိန် ၆၅၀ ရှိမည်ဟု ခန့်မှန်းရကြောင်း သတင်းရရှိပါသည်။