ကွမ်ကျိုးမြို့၌ လမ်းပြခွေး သုံးကောင် “ဘွဲ့နှင်းသဘင်အခမ်းအနား”တွင် ပါဝင်

(GMT+08:00)2022-10-13 16:23:22  

    မကြာသေးမီက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ မျက်မမြင်အတွက်လမ်းပြခွေးများသည် “ဘွဲ့နှင်းသဘင် အခမ်းအနား”တွင် ပါဝင်ခဲ့ကြသည်။ နှစ်နှစ်ကြာလေ့ကျင့်မှုများဖြင့် ကွမ်ကျိုး လမ်းပြခွေး ကျောင်းမှ ထူးချွန်သော Faith၊ FayFay နှင့် Irisဟု အမည်ပေးထားသည့် လမ်းပြခွေးသုံးကောင်သည် တရားဝင်ကျောင်းအောင်ခဲ့ပါသည်။ ယခုအချိန်မှစ၍ ၎င်းတို့သည် “အသိအမှတ်ပြုခံရပြီး အလုပ်လုပ်”ကြကာ အမြင်အာရုံချို့တဲ့သူများအတွက် ဝန်ဆောင်မှုပေးကြမည်ဖြစ်သည်။