တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ခြိမ်းခြောက်မှုနှင့်စိန်ခေါ်မှု လုံးဝ မဟုတ်ကြောင်း တရုတ် ဆို

(GMT+08:00)2022-10-13 16:22:12  

သက်ဆိုင်ရာမီဒီယာမှ “ဗြိတိန်အစိုးရသစ်သည် တရုတ်နိုင်ငံအား ‘ခြိမ်းခြောက်မှု’ဟု ခေါ်နိုင်ဖွယ်ရာရှိကြောင်း မေးမြန်းခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံသည် လွတ်လပ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်သော ငြိမ်းချမ်းသောနိုင်ငံခြားရေးပေါ်လစီကို တစ်လျှောက်လုံး ကျင့်သုံး ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ဆောင်ကြဉ်းလာသည်မှာ အခွင့်အရေးဖြစ်ပြီး ခြိမ်းခြောက်မှုနှင့်စိန်ခေါ်မှု လုံးဝ မဟုတ်ကြောင်း ၁၂ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

မော်နင်က တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ရည်ရွယ်ချက်မှာ တရုတ်ပြည်သူများအား ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝ ရရှိစေရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကောင်းကျိုးဆောင်ကြဉ်းလာမှာ ဖြစ်ကြောင်း ပြောကြားပါသည်။