နယူးဇီလန်တွင် Pilot ဝေလငါး အမြောက်အမြား သောင်တင်သေဆုံး

(GMT+08:00)2022-10-13 16:24:22  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၁ ရက်နေ့က နယူးဇီလန်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဦးစီးဌာနသည် လွန်ခဲ့သည့်အပတ်က Pilot ဝေလငါး ၂၁၅ကောင်သည် Chatham ကျွန်းတွင် သောင်တင်သေဆုံးပြီးနောက် Pilot ဝေလငါး အကောင်၂၄၀သည် အနီးတဝိုက်ရှိ Pittကျွန်းတွင် သောင်တင်သေဆုံးခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

နယူးဇီလန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဦးစီးဌာန ပင်လယ်သမုဒ္ဒရာ နည်းပညာ ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က နည်းပညာအဖွဲ့တစ်ဖွဲ့သည် အခြေအနေကို အကဲဖြတ်ပြီး မသေဆုံးသေးသော Pilot ဝေလငါးများအား Euthanasia လုပ်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။