ကျောင်းပစ်ခတ်မှုနှင့်ပတ်သက်သော ကောလာဟလများ ဖြန့်မှုအတွက် အမေရိကန် အစီအစဉ်မှူးအား ကန်ဒေါ်လာ ၉၆၅ သန်း ပေးလျော်ရန် ဒဏ်ချ

(GMT+08:00)2022-10-13 16:25:11  

 ဒေသစံတော်ချိန် အောက်တိုဘာလ ၁၂ရက်နေ့က ဆန်ဒီဟူခယ် မူလတန်းကျောင်း သေနတ်ပစ်ခတ်မှုသည် သေနတ်ထိန်းချုပ်မှုတင်းကျပ်စေရန် လှည့်ဖြားခြင်းဖြစ်သည်ဟု ကောလာဟလများဖြန့်ခဲ့သည့်အတွက် နာမည်ကျော်အစီအစဉ်မှူး Alex Jones အား သေဆုံးသူ ၈ဦး၏ ကျန်ရစ်သူမိသားစုနှင့် တိုက်ခိုက်မှုကို တုံ့ပြန်သည့် FBIအေဂျင့်ကို အမေရိကန်ဒေါ်လာ ၉၆၅သန်း ပေးလျော်ရန် အမေရိကန် Connecticut ဂျူရီလူကြီးများက စီရင်ချက်ချခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။