သဘာဝရေအေးအရင်းအမြစ်အပြည့်အဝ အသုံးပြုပြီး ထူးခြားချက်ပါရှိသော ငါးမွေးမြူရေး တိုးတက်စေ

(GMT+08:00)2022-10-12 16:25:01  

ယခုနှစ်များတွင် ချုံချင့်မြို့ ချမ်ခိုခရိုင် လျိုဇီကျေးရွာစုတွင် ဒေသတွင်း ထူးခြားချက်ပါရှိသော သဘာဝအရင်းအမြစ်ကို ပြည့်ပြည့်ဝဝ အသုံးပြုပြီး ရေအေး ငါးမွေးမြူရေးကို ထူးခြားချက်ပါရှိသော လုပ်ငန်းအဖြစ် ဆောင်ရွက်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဒိန်းမတ်၊ နော်ဝေးနှင့် အမေရိကန်မှ အရည်အသွေးကောင်းမွန်သော rainbow trout ငါးဥ ၃သိန်း၅သောင်းကို မှာယူပြီး တရုတ်အနောက်တောင်ပိုင်း အကြီးဆုံး rainbow trout ငါးမွေးမြူရေးဇုန် ပြုလုပ်ကာ တစ်နှစ်လျှင် ရေအေးငါး အထွက် တန်ဖိုး တရုတ်ယွမ်၂၅သန်းရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။