“ထျန်းကုန်း စာသင်ခန်း” သင်ခန်းစာ(၃) စတင်ပြီ

(GMT+08:00)2022-10-12 20:35:05  

   “ထျန်းကုန်း စာသင်ခန်း” သင်ခန်းစာ(၃) သည်   အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် စတင်ခဲ့ပါသည်။ ရှင်ကျိုး-၁၄မှ အာကာသ ယာဉ်မှူး ချန်တုန်း၊ လျိုယန်၊ ချိုက်ရွှိကျယ် တို့က လူငယ်များအတွက် အာကာသ သင်ခန်းစာ သင်ကြားပေးကြပါသည်။ ယင်းသည် တရုတ် အာကာသ ယာဉ်မှူးများက ပထမဆုံးအကြိမ် ဝင့်ထျန်း အာကာသ စမ်းသပ်ခန်းတွင် သင်ခန်းစာ သင်ကြားပေးခြင်း ဖြစ်သည်ဟု  China Media Group မှ သတင်းအရ သိရပါသည်။

   ယခုအကြိမ် အာကာသ သင်ခန်းစာသည် အာကာသနှင့် ကမ္ဘာမြေကြီး အပြန်အလှန် ကူးလူးဆက်ဆံဆွေးနွေးသည့် ပုံစံဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး အာကာသ ယာဉ်မှူး သုံးဦးသည် ကမ္ဘာပတ်လမ်းကြောင်းတွင် တရုတ် အာကာသစခန်း ဝင့်ထျန်း စမ်းသပ်ခန်းတွင် အလုပ် လုပ်ကိုင် နေထိုင်မှုကို ဖေါ်ပြ မိတ်ဆက်ကာ Microgravity ပတ်ဝန်းကျင်တွင် capillarity အခြေအနေအား စမ်းသပ်ချက်၊ အရည်နှင့် အရေအခဲဒြပ်နှောတို့ Microgravity ပတ်ဝန်းကျင်၌ အပြန်အလှန်တိုက်ခတ်ရာတွင် တုန်ခါမှု အခြေအနေ စမ်းသပ်ချက်၊ အာကာသတွင် ပိုက်အရှည်ဖြင့် ရေသောက်ရာ၌ စိတ်ဝင်စားဖွယ် အခြေအနေ၊ အာကာသ၌ လည်ပတ်နေသော ဂွစမ်းသပ်ချက်တို့ကို သရုပ်ဖေါ်ပြပြီး အပင်များ ကြီးထွားမှု သုတေသန စီမံကိန်းကို မိတ်ဆက်ပါသည်။ ထို့အပြင် ကမ္ဘာမြေပေါ်မှ စာသင်ခန်းနှင့်လည်း အပြန်အလှန် ကူးလူးဆက်ဆံဆွေးနွေးကြပါသည်။