ဝမ်ချီစန်းသည် CICA ဆဋ္ဌမအကြိမ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2022-10-12 16:12:49  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အာရှ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုဆောင်ရွက်ချက်အစည်းအဝေး(CICA)၏ သဘာပတိနိုင်ငံဖြစ်သည့် ကာဇတ်စတန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ဒုသမ္မတ ဝမ်ချီစန်းသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အောက်တိုဘာလ ၁၂ရက်နေ့မှ ၁၃ရက်နေ့အထိ အာစတန်နာမြို့တွင် ကျင်းပမည့် CICA ဆဋ္ဌမအကြိမ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ယခုလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။