၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတ္တမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို အောက်တိုဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့က ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်း ပြောကြား ခဲ့ပါသည်။
အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပီကင်း၌ စတင် ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့၏ တာဝန် အပ်နှင်းမှုအရ တင်ပြသော လုပ်ငန်းအစီရင်ခံစာကို ကြားနာ ဆွေးနွေးခဲ့ပါသည်။ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ထံသို့ အစီရင်ခံစာကို ဆွေးနွေး အတည်ပြုခဲ့ပါသည်။ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ထံသို့ အစီရင်ခံစာကို ဆွေးနွေး အတည်ပြုခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ အခြေခံစည်းမျဉ်းဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ဆွေးနွေး အတည်ပြုခဲ့ပါသည်။ အထက်ပါ စာတမ်း သုံးရပ်ကို အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံထံသို့ စိစစ်ဆွေးနွေးဖို့ တင်ပြရန် ဆုံးဖြတ်ခဲ့ပါသည်။
အစည်းအဝေးတွင် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဋ္ဌမ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့သည့်နောက်ပိုင်း ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့၏ လုပ်ငန်းများ မှန်ကန်ကောင်းမွန်ကြောင်း အတည်ပြုခဲ့ပါသည်။
အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးနောက် ငါးနှစ်အတွင်း လုပ်ငန်းများကို ပေါင်းရုံး သုံးသပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပပြီးနောက် ငါးနှစ်အတွင်း ရရှိသော ပါတီနှင့် နိုင်ငံတော် လုပ်ငန်းများ၏ အရေးကြီး အောင်မြင်မှုများသည် ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေအဖြစ် ထားသည့် ပါတီဗဟိုကော်မတီ၏ အားကောင်းသော ဦးဆောင်မှုနှင့် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ လမ်းညွှန်မှုဖြင့် ပါတီ တစ်ရပ်လုံး၊ တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများ သွေးစည်းညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်ဟု အလေးအနက် ဖေါ်ပြထားပါသည်။
အစည်းအဝေးတွင် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစည်းကမ်း ကြီးကြပ်ရေး ကော်မရှင်၏ လုပ်ငန်းများကိုလည်း ပေါင်းရုံးသုံးသပ်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။