ကန် လူမည်းလူငယ်တစ်ယောက်ကို ရဲက ပစ်သတ်

(GMT+08:00)2022-10-12 16:16:12  

Mississippi ပြည်နယ်မှ အာဖရိကအနွယ်ဖွား လူငယ်တစ်ယောက်ကို ဆိုင်တစ်ဆိုင် အပြင်တွင် ရဲက ပစ်သတ်ခဲ့ကြောင်း၊ သေဆုံးသူ ယာဆယ်မူမိုက်ခ်မီလန်သည် အသက် ၁၅နှစ် ဖြစ်ပြီး Mississippiပြည်နယ် ကေလ်ဖ်ပိုတေမြို့ အထက်တန်း ကျောင်းတစ်ကျောင်းမှ ပထမနှစ်ကျောင်းသားဖြစ်ကြောင်း၊ ၆ရက်နေ့က မိုက်ခ်မီလန်သည် ခေါင်းကို ပစ်ခတ်ခံရပြီး ဆေးရုံသို့ ပို့ခဲ့ကာ ၈ရက်နေ့ ညနေပိုင်းမှာ သေဆုံးခဲ့ကြောင်း အမေရိကန်မီဒီယာမှ ၁၁ ရက်နေ့ထုတ် သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းအရ သိရပါသည်။