လကမ္ဘာပုံ အဆောက်အအုံ ဒူဘိုင်းမှာ တည်ဆောက်နိုင်

(GMT+08:00)2022-10-12 16:22:08  

စက်တင်ဘာလက Moon World Resorts Inc.(ခ) ကနေဒါဒီဇိုင်နာ ရုံးတစ်ရုံးဟာ Moon Dubai Project ကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ အဆိုပါ ဒီဇိုင်းဟာ အမြင့်၂၂၄မီတာရှိ ဘောလုံး ပုံသဏ္ဌာန် အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး အဝေးကနေကြည့်ရင် ဒူဘိုင်း ကောင်းကင်က ကျဆင်းလာတဲ့ လကမ္ဘာလို ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲသူတစ်ချို့က ဒီဇိုင်းပုံကို ကြည့်ပြီးနောက် လကမ္ဘာပြုတ်ကျမှာစိုးတယ်လို့ ပြောခဲ့ကြတယ်။