ရှီကျင့်ဖိန်နှင့် ဂျာမဏီသမ္မတတို့ တရုတ်-ဂျာမဏီ သံတမန်ဆက်ဆံရေးထားရှိ ခဲ့သည့် နှစ်၅၀ပြည့်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2022-10-12 16:12:01  

အောက်တိုဘာလ ၁၁ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ဂျာမဏီသမ္မတ Frank-Walter Steinmeier တို့သည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို အပြန်အလှန် ပေးပို့ကြပြီး တရုတ်-ဂျာမဏီသံတမန်ဆက်ဆံရေးထားရှိခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းကို ထောမနာပြုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်-ဂျာမဏီဆက်ဆံမှုကို အလွန်အလေးထားပြီး သမ္မတ Steinmeierနှင့်အတူ တရုတ်-ဂျာမဏီ ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု အခန်းကဏ္ဍသစ်သို့ တက်လှမ်းရန် လက်တွဲတွန်းအားပေးလိုကြောင်း ဖော်ပြပါသည်။

Steinmeierကလည်း လွန်ခဲ့သည့်နှစ်၅၀အတွင်း ဂျာမဏီ-တရုတ်ဆက်ဆံမှုသည် နယ်ပယ်များစွာတွင် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ဖော်ပြပါသည်။