ရှေးခေတ် အင်္ဂါဂြိုဟ်မြေအောက်မှာ အဏုဇီဝပိုးမွှား အမြောက်အမြား ရှိနိုင်

(GMT+08:00)2022-10-12 16:23:07  

ရှေးခေတ် အင်္ဂါဂြိုဟ်မြေအောက်မှာ အဏုဇီဝပိုးမွှား အမြောက်အမြား ရှိနိုင်ဖွယ် ရှိကြောင်း၊ အဆိုပါ အဏုဇီဝပိုးမွှားကြောင့် အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတုကို ပြောင်းလဲစေတဲ့ အတွက် ၄င်းတို့ သေဆုံးစေနိုင်ကြောင်း ပြင်သစ်သုတေသီတွေက လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့ Sorbonne တက္ကသိုလ်က သုတေသီတွေဟာ အင်္ဂါဂြိုဟ်ရဲ့ ရာသီဥတုနဲ့ မြေပြင်ပုံစံကို အခြေခံပြီး ပြီးခဲ့တဲ့နှစ် ၄ ဘီလီယံခန့်တုန်းက အင်္ဂါဂြိုဟ်ကို သုတေသနပြုပြီးနောက် အဲဒီလိုဖေါ်ပြခဲ့ခြင်း ဖြစ်ပါတယ်။