ပန်းချီကားများဖြင့် မြို့ထဲမှ ပန်းခြံများကို အလှဆင်

(GMT+08:00)2022-10-12 16:14:42  

အသက် ၅၅ နှစ်အရွယ် အမျိုးသားလီဖိန်သည် ရှင်းကျန့်မြို့ရှိ ဥယျာဉ်တစ်ခုမှ လုံခြုံရေးသမားတစ်ယောက်ဖြစ်သည်။ ဥယျာဉ်တွင် သံချေးတက်နေသော အပေါက် အဖုံးများ၊ ပတ်ဝန်းကျင်နှင့် မလိုက်သော လျှပ်စစ်သေတ္တာများ စသည့်အရာကို တွေ့ပြီး သည့်နောက် လူငယ်ဘဝတုန်းက ပန်းချီသင်ယူခဲ့သော လီဖိန်သည် ပန်းချီကားများဖြင့် အလှဆင်ရန် အတွေးတစ်ခု ခေါင်းထဲသို့ ဝင်လာသည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း လီဖိန်သည် ဥယျာဉ်များတွင် ပန်းချီကားအချပ်ပေါင်း ၃၀၀ ကျော် ဆွဲနေပြီဖြစ်သည်။ မကြာခင်ရက်များက ၄င်းကို ရှင်းကျန့်ဗဟိုဥယျာဉ် ရှုခင်းအလှဆင်ဌာန၌ တာဝန်ခန့်အပ်ပြီး ဥယျာဉ် ရှုခင်း ပိုမိုလှပရန် ဒီဇိုင်းရေးဆွဲစေသည်။