ဝါရှင်တန်၏ ဗိုလ်ကျမှုသည် နှာခေါင်းကျည်ပွေ့တွေ့ပြန်သည်

(GMT+08:00)2022-10-11 14:55:20  

နိုဝင်ဘာလကစပြီး ရေနံစိမ်း နေ့စဉ် ပျမ်းမျှ ထုတ်လုပ်မှုကို စည်ရေ ၂ သန်း လျှော့ချဖို့ “အိုပက်+”နိုင်ငံများက ဆုံးဖြတ်ခဲ့ပါတယ်။ မူလက ဘိုင်ဒန်အစိုးရဟာ အရှေ့အလယ်ပိုင်းမှ အဓိက ရေနံထုတ်လုပ်တဲ့နိုင်ငံများက ရေနံ ထုတ်လုပ်မှုကို တိုးမြှင့်ပြီး ဒီလိုနဲ့ ရေနံဈေးနှုန်းကို ထိန်းညှိဖို့၊ အမေရိကန်ရဲ့ ငွေကြေးဖေါင်းပွမှုကို ထိန်းညှိဖို့ မျှော်လင့် ခဲ့တယ်။ “အိုပက်+”နိုင်ငံများရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ မျှော်လင့်ချက်နဲ့ ပြောင်းပြန်ပဲ ဖြစ်တယ်။

ရေနံဈေးနှုန်းဟာ ဆော်ဒီအရေးဗျ၊ အာရပ်စော်ဘွားများနိုင်ငံ စတဲ့ “အိုပက်+” နိုင်ငံများရဲ့ စီးပွားရေး ကျောရိုးမဏ္ဍိုင် ဖြစ်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ကတော့ ဒါ့အတွက် ဒေါသထွက်မိနေတယ်။ ပြီးခဲ့တဲ့ သုံးလေးငါးလ အတွင်း အမေရိကန် အရာရှိများက တစ်လျှောက်လုံး ဆိုသလို ပြည်ပ နိုင်ငံများမှာ တက်ကြွစွာ ကြိုးစားနေပြီး ထိုးတက်နေတဲ့ စွမ်းအင်ဈေးနှုန်းကို ထိန်းညှိနိုင်ဖို့၊ အလယ်ကာလ ရွေးကောက်ပွဲ မကျင်းပခင် ငွေကြေးဖေါင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ မျှော်လင့်တယ်။ ဒါပေမယ့် “အိုပက်+” နိုင်ငံများရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို အချည်းနှီး ဖြစ်ရစေတယ်။

“အိုပက်+” နိုင်ငံများက အထက်ပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံရေးသမားတစ်ချို့က စိတ်ဆိုးစွာနဲ့ တုံ့ပြန် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ကြတယ်။ တစ်ချို့လွှတ်တော် အမတ်ကလည်း ပင်လယ်ကွေ့နိုင်ငံများကို လက်စားချေဖို့ ဥပဒေကြမ်း ရေးဆွဲခြင်းကို စတင် တွန်းအားပေးခဲ့တယ်။ ဒီလ ၉ ရက်နေ့မှာ CNN က ဆောင်းပါးတစ်ပုဒ် ရေးသားထုတ်ပြန်ရာမှာ “အိုပက်+” နိုင်ငံများရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ဒဏ်ရာ ဖြစ်စေပေမယ့် အမေရိကန်ကတော့ အဲဒီနိုင်ငံတွေဟာ ကိုယ့် နိုင်ငံရေး အကျိုးစီးပွားရှိပြီး အမေရိကန်ရဲ့ လက်အောက်ခံနိုင်ငံ မဟုတ်ဘူး ဆိုတာကို သိရှိသင့်တယ်လို့ ဖေါ်ပြထား ပါတယ်။

တစ်ဖက်မှာ “အိုပက်+” နိုင်ငံများရဲ့ ရေနံ ထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် ရေနံ ဈေးနှုန်း မြင့်တက်စေတယ်လို့ ပြစ်တင်ပြီး တစ်ဖက်မှာ ဥရောပ မဟာမိတ်နိုင်ငံတွေကို ရောင်းချတဲ့ သဘာဝဓါတ်ငွေ့ဈေးနှုန်းကို အရမ်းကာရော တိုးမြှင့်တယ်။ အဲဒါဟာ အမေရိကန်ရဲ့ အကျိုးစီးပွားသာ ပထမ ဆိုတဲ့ အမေရိကန်ရဲ့ ဗိုလ်ကျမှုပဲ ဖြစ်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။