ဂျာမဏီတွင် ၂၀၂၂ခုနှစ် ဘာလင်မီးထွန်းပွဲတော် ကျင်းပ

(GMT+08:00)2022-10-11 15:34:28  

နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘာလင်မီးထွန်းပွဲတော်ကို ဒေသစံတော်ချိန် အောက်တိုဘာလ ၇ ရက်နေ့မှ ၁၆ရက်နေ့အထိ ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပါသည်။ ယခု တစ်ကြိမ် မီးထွန်းပွဲတော်၏ ဆောင်ပုဒ်သည် “ဒို့အနာဂတ်ကို မျှော်ကြည့်ခြင်း”ဖြစ်သည်။

ယခုနှစ်တွင် ဂျာမဏီသည် စွမ်းအင်အကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး ပွဲတော်ကြီးမှူး ကျင်းပသူသည် စိန်ခေါ်မှုနှင့် မသေချာမှု များပြားသောကာလတွင် အနုပညာဖြင့် လူများအတွက် အင်အားပေးနိုင်ရန် မျှော်လင့်ကြောင်း၊ ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးလိုသည့် ဆန္ဒကို မဆုံးရှုံးဘဲ မီးရောင်အနုပညာဖြင့် ပျော်ရွှင်ခြင်းနှင့် သက်သာရာရရန် မျှော်လင့်ကြောင်း သတင်းအရသိရပါသည်။