ယူကရိန်းနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၄ ဦးသေဆုံးပြီး ၉၇ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-10-11 15:33:14  

၁၀ ရက်နေ့ ည ၉ နာရီအထိ ယူကရိန်းနိုင်ငံရှိ လူနေရပ်ကွက် ၁၃၀၇ ခုတွင် မီးပြတ်နေဆဲ ဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၄ ဦးသေဆုံးပြီး ၉၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းယူကရိန်း နိုင်ငံတော် အရေးပေါ်ရေးရာဌာနက ၁၀ ရက်နေ့က ဖော်ပြ ခဲ့ပါသည်။

၁၀ ရက်နေ့က ရုရှားတပ်ဖွဲ့သည် ယူကရိန်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် ယူကရိန်း ပြည်နယ် ၈ ပြည်နယ်နှင့် ကိယက်ဗ် မြို့ရှိ အခြေခံ အဆောက်အအုံများကို ထိခိုက်ခဲ့သည်။