ကမ္ဘာ့ ဗို့အားအဆင့် အမြင့်ဆုံးသော Converter စခန်း၏ ပုံမှန်လည်ပတ်မှုစစ်ဆေးခြင်းကို ပြုလုပ်ပြီးစီး

(GMT+08:00)2022-10-11 15:35:25  

အောက်တိုဘာလ ၉ရက်နေ့က တရုတ်နိုင်ငံ Anhui ပြည်နယ် Xuancheng မြို့ Guquan Converter စခန်း၏ ပုံမှန်လည်ပတ်မှုစစ်ဆေးခြင်းကို ပြုလုပ်ပြီးစီးခဲ့ပါသည်။ Changji-Guquan လျှပ်စစ်ဓာတ်အားလိုင်းသည် လက်ရှိ ကမ္ဘာပေါ်တွင် ဗို့အားအဆင့် အမြင့်ဆုံး၊ ဓါတ်အားပို့မှု အကွာအဝေး အရှည်လျားဆုံး၊ ပို့ဆောင်မှုပမာဏ အကြီးမားဆုံးသော လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဖြစ်ပါသည်။