တရုတ်အာကာသစခန်း Mengtian စမ်းသပ်ခန်းအတွက် Propellant ကို ထည့်သွင်း

(GMT+08:00)2022-10-11 15:36:01  

အောက်တိုဘာလ ၉ရက်နေ့က မူလစီစဉ်ထားသည့်အတိုင်း တရုတ်အာကာသ စခန်း Mengtian စမ်းသပ်ခန်းအတွက်Propellant ကို ထည့်သွင်းခဲ့သည်ဟု တရုတ်လူပါ အာကာသလုပ်ငန်းရုံးမှ ထုတ်ပြန်သော သတင်းကို ကိုးကား၍ China Media Group က ရေးသားဖော်ပြပါသည်။ Mengtian စမ်းသပ်ခန်းကို ဝင်ချမ် အာကာသ လွှတ်တင်ရေးစခန်းသို့ ပို့ဆောင်ပြီး နည်းပညာနယ်ပယ်တပ်ဆင်မှု၊ စမ်းသပ်မှုလုပ်ငန်းများကို ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ပြီးဆုံးပြီးနောက် Long March -၅ ဘီ အဝေးထိန်း (ဃ) သယ်ဆောင်ဒုံးပျံနှင့်အတူ သက်ဆိုင်ရာ ပူးတွဲစစ်ဆေးမှု များကို ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။ လက်ရှိ ဝင်ချမ် အာကာသလွှတ်တင်ရေးစခန်းတွင် အခြေအနေ ကောင်းမွန်ပြီး စမ်းသပ်ရေးတွင် ပါဝင်မည့် စနစ်များ၏ ပြင်ဆင်မှုလုပ်ငန်းများကို စနစ်တကျ ပြုလုပ်နေလျက် ရှိပါသည်။