တရုတ် ပထမဆုံး (၁၂၀) Twenty-foot Equivalent Unit(TEU)လျှပ်စစ် ကုန်းတွင်းမြစ်ကြောင်း ကုန်သေတ္တာတင်သင်္ဘောသည် ကျန်းစူးပြည်နယ် ထိုက်ဆောင်း ဆိပ်ကမ်းမှ ပထမအကြိမ် ခရီးထွက်

(GMT+08:00)2022-10-11 15:37:24  

အောက်တိုဘာလ ၁၀ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ၏ ပထမဆုံး (၁၂၀) Twenty-foot Equivalent Unit(TEU)လျှပ်စစ် ကုန်းတွင်းမြစ်ကြောင်း ကုန်သေတ္တာတင်သင်္ဘော “Jiang Yuan Bai He”သည် ယန်ဇီမြစ် ထိုက်ဆောင်းဆိပ်ကမ်းမှ တဖြည်းဖြည်း ခရီးထွက်ပြီး ထိုက်ဆောင်းဆိပ်ကမ်း-ကျင်းဟောင်းတူးမြောင်းကြီး စူးကျိုး စက်မှုဇုန်ဆိပ်ကမ်းအကြား ကီလိုမီတာ(၈၀) ရှည်လျားသောမြစ်ထဲတွင် စတင်ခုတ်မောင်း လည်ပတ် ပါသည်။ ယင်းသည် ကျန်းစူးပြည်နယ် ကုန်းတွင်းမြစ်ကြောင်း သယ်ယူပို့ဆောင်ရေး၏ “လျှပ်စစ်ခေတ်”ကို ဖွင့်လှစ်ပြီဟု ပြသထားပါသည်။