ရှီကျင့်ဖိန်က သြစတြီးယားသမ္မတအဖြစ် အရွေးခံရသော ဗန်ဒါဘီလင်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-10-11 14:55:58  

အောက်တိုဘာလ ၁၀ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သြစတြီးယားသမ္မတအဖြစ် အရွေးခံရသော ဗန်ဒါဘီလင်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်းChina Media Groupမှ သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်-သြစတြီးယားဆက်ဆံမှုကို အလွန် အလေးထားပြီး သမ္မတ ဗန်ဒါဘီလင်နှင့်အတူ တရုတ်-သြစတြီးယား ချစ်ကြည်ရေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုတွင် ဖွံ့ဖြိုးတိုးတက်မှုသစ်ရရှိရန်နှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူ များအတွက် အကျိုးဆောင်ကြဉ်းရန် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့ပါသည်။