သေနတ်ကိုင်အကြမ်းဖက်မှု ထိရောက်စွာ ထိန်းချုပ်ဟန့်တားနိုင်မနိုင်သည် အမေရိကန်ပုံစံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တိုင်းတာသည့် အရေးကြီးပေတံဖြစ်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00)2022-10-11 14:57:26  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အသက် ရှင်သန်ခွင့်သည် အရေးအကြီးဆုံး လူ့အခွင့်အရေးဖြစ်ကြောင်း၊ သေနတ်ကိုင် အကြမ်းဖက်မှုကို ထိရောက်စွာ ထိန်းချုပ်ဟန့်တားပြီး၊ လူနည်းစုများ၏ အခွင့်အရေးကို လက်တွေ့ကျစွာ ကာကွယ်နိုင်မနိုင်သည် နိုင်ငံတကာမိသားစုကြီးမှ အမေရိကန်ပုံစံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တိုင်းတာသည့် အရေးကြီးပေတံဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကြိုတင်ကာကွယ်ရေးစင်တာမှ မကြာခင်က ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၀ပြည့်နှစ်မှ ၂၀၂၁ခုနှစ်အထိ အမေရိကန်တွင် သေနတ်ဖြင့် သတ်ဖြတ်မှုပမာဏသည် ၈ ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်ဟု သတင်းအရ သိရသည်။