ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်မှုသည် အစပင် ဖြစ်ပြီး နောက်ဆက်တွဲ လုပ်ဆောင်မှု ရှိသေးဟု Medvedevဆို

(GMT+08:00)2022-10-11 15:31:33  

ပထမပိုင်း ပြီးဆုံးသွားပြီဖြစ်ပြီး အခြား နောက်ဆက်တွဲ လုပ်ဆောင်မှု ရှိသေးကြောင်း ရုရှားအမျိုးသားလုံခြုံရေးကွန်ဂရက် ဒုဥက္ကဋ္ဌ၊ သမ္မတဟောင်း Medvedevက အောက်တိုဘာလ ၁၀ ရက်နေ့က Telegram ၌ ရေးသားသည်ဟု Sputnik သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံအပေါ် စဉ်ဆက်မပြတ်၊ တိုက်ရိုက်နှင့် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ယူကရိန်းအစိုးရကို လုံးဝဖျက်သိမ်းရန်မှာ ရုရှား၏ အနာဂတ် ရည်မှန်းချက် ဖြစ်သင့်ကြောင်း Medvedevက ယူဆသည်။