ပိုမိုများပြားသောပုဂ္ဂိုလ်များက ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုးကို ထောက်ခံခြင်းအား တရုတ်ပြည်က ကြိုဆို

(GMT+08:00)2022-10-10 14:42:58  

Tesla ကုမ္ပဏီတည်ထောင်သူ မက်စကယ်၏ ထိုင်ဝမ်ဆိုင်ရာ ပြောဆိုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပိုမိုများပြားသောပုဂ္ဂိုလ်များက ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုးကို နားလည် ထောက်ခံခြင်းအား တရုတ်ပြည်က ကြိုဆိုကြောင်း ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

မော်နင်က ယခု ထိုင်ဝမ်ရေလက်ကြား အခြေအနေ မတည်မငြိမ်ဖြစ်မှု ဖြစ်ပေါ်လာစေသည့် အရင်းခံ အကြောင်းရင်းမှာ ထိုင်ဝမ် မင်ကျင့်ပါတီက ပြင်ပအင်အားစုများနှင့် ချိတ်ဆက်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို ရှာကြံနေခြင်းဖြစ်ကြောင်း၊ ထိုင်ဝမ် သီးခြား တည်ရှိရေးကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်မှသာ ထိုင်ဝမ်ရေလက်ကြား အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါသည်။