ရာသီဥတုဖောက်ပြန်မှုကြောင့် အမေရိကန် Saguaro ပင်များ ညှိုးနွမ်းနှုန်း တိုးမြင့်လာ

(GMT+08:00)2022-10-10 14:53:00  

Saguaro Cactus သည် Sonoran သဲကန္တာရမှ ထူးဆန်းသော အပင်မျိုးဖြစ်ပြီး သက်တမ်း နှစ် ၁၅၀ မှ ၂၀၀အထိ ရှိနိုင်ပြီး ပေ ၅၀ကျော် မြင့်ပါသည်။ အရီဇိုးနားပြည်နယ်ရှိ သိပ္ပံပညာရှင်များ၏လေ့လာမှုအရ အပူချိန် မြင့်တက်မှုနှင့် အချိန်ကြာ မိုးခေါင်မှုကြောင့် Saguaro Cactus အပင်ငယ်များ ညှိုးနွမ်းနှုန်း တိုးများလာကြောင်း China Media Groupမှ သတင်းအရသိရပါသည်။