အမေရိကန်မှ မည်သည့်အကြောင်းပြချက်ဖြင့်မျှ တခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်စွက်ခြင်းကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00)2022-10-10 14:48:05  

အမေရိကန်က ၄င်း၏ ပြည်တွင်းဥပဒေကို ကိုးကား၍ အီရန်အရာရှိများအား အရေးယူခဲ့သည့် အရေးကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံသည် အမေရိကန်မှ မည်သည့် အကြောင်းပြချက်ဖြင့်မျှ တခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်ကြောင်း ယခုလ ၉ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အလေးထား ပြောကြားခဲ့သည်ဟုChina Media Group မှသတင်းအရသိရသည်။

ယခုရက်များက အမေရိကန်သည် အီရန်ပြည်တွင်းအခြေအနေ အကြောင်းပြချက်ဖြင့် အမေရိကန်၏ ပြည်တွင်းဥပဒေကို ကိုးကား၍ အီရန်အရာရှိများအား အရေးယူပြီး အီရန်အား အရေးယူလုပ်ဆောင်ချက်များ ဆက်လက်ကျင့်သုံးမည်ဟုလည်း ခြိမ်းခြောက် ခဲ့သည်ဟု သတင်းအရ သိရသည်။