(၈၃.၄)မီတာ၊ တရုတ်နိုင်ငံ၏ ဧရာမသစ်ပင်ကြီးကို ပထမဆုံး လူတက်ရောက် တိုင်းတာရေး အထွေထွေသိပ္ပံလေ့လာရေး ပြီးဆုံး

(GMT+08:00)2022-10-10 14:50:17  

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တရုတ်သိပ္ပံပညာ တံခွန်အသင်းကြီးမှ ရုက္ခပင်သုတေသနဌာန၊ တရုတ်နိုင်ငံတော် အရေးကြီး တောရိုင်းရုက္ခပင် အမျိုးအစားနှင့် အရင်းအမြစ်ဂိုဒေါင်မှ ချိန်းစန်းစင်တာ- ရှန်ဟိုင်း ချိန်းစန်း ရုက္ခပင်ဥယျာဉ်၊ တရုတ်အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့၊ “Wild China”  အလုပ်ရုံ၊ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လင်းကျီးမြို့ ချားယူခရိုင် သစ်ပင်နှင့် မြက်ခင်းပြင်ဗျူရို စသော ဌာနများဖွဲ့စည်းထားသော တရုတ် ဧရာမသစ်ပင် သိပ္ပံလေ့လာရေးအဖွဲ့သည် လက်ရှိအချိန်တွင် “တရုတ်နိုင်ငံ၏ အမြင့်ဆုံးသော သစ်ပင်ကြီး” Abiesernestii var. salouenensis ၏ အမြင့်သည် (၈၃.၄)မီတာရှိသည်ဟု ထုတ်ပြန်ပြီး သစ်ပင်ကြီး၏ ဓါတ်ပုံကိုလည်း ထုတ်ပြန်ခဲ့ပါသည်။