ကွမ်တုံးပြည်နယ် ရွှင့်ဒယ်၌ အပူပေးစက်ထုတ်လုပ်မှု အလုပ်များ

(GMT+08:00)2022-10-10 14:51:05  

ဥရောပသမဂ္ဂ၏ အပူပေးမှုဈေးကွက် ၀ယ်လိုအားသစ်ကို ခန့်မှန်းခြင်းဖြင့် ကွမ်တုံးပြည်နယ် ဖိုစန်းမြို့ ရွှင့်ဒယ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီအချို့သည် ဈေးကွက်၏ အပူပေးမှု လိုအပ်ချက်နှင့် လိုက်လျောညီထွေသော ကုန်ပစ္စည်း များကို သုတေသနပြု ထုတ်လုပ်ကြပါသည်။ ကွမ်ကျိုးမြို့ အကောက်ခွန်ဌာနမှ စာရင်းအရ ၂၀၂၂ခုနှစ် ဇွန်လမှ သြဂုတ်လအထိ ဖိုစန်းမြို့မှ ဥရောပသမဂ္ဂအား တင်ပို့ရောင်းချသော လျှပ်စစ် ရေပူပေးစက်၊ လျှပ်စစ်အပူပေးစောင်၊ လျှပ်စစ်အပူပေးစက် စသော အပူပေးကုန်ပစ္စည်းများ၏တန်ဖိုးသည် တရုတ်ငွေ ယွမ် (၉၄)သန်းရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် (၁၅၄.၄)ရာခိုင်နှုန်း တိုးများလာပါသည်။