သြစတြေးလျနိုင်ငံသားနှစ်ယောက်သည် ၄င်းတို့၏လက်များကို ပီကာဆို၏ နာမည်ကျော် ပန်းချီကားပေါ်တွင် ကော်ကပ်ပြသ
(GMT+08:00)2022-10-10 14:53:46  
ဒေသစံတော်ချိန် အောက်တိုဘာလ ၉ရက်နေ့က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ဗစ်တိုးရီးယားအမျိုးသားပန်းချီပြတိုက်တွင် အသက်၅၉နှစ်အရွယ် အမျိုးသားတစ်ယောက် နှင့် အသက်၄၉နှစ်အရွယ် အမျိုးသမီးတစ်ယောက်တို့သည် ပီကာဆို၏ “ကိုရီးယားလူသတ်မှုကြီး”အမည်ဖြစ်သော နာမည်ကျော် ပန်းချီကားတွင် ၄င်းတို့၏ လက်များကို ကော်ကပ်ပြီး ပြသခဲ့ကြပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ NGOအဖွဲ့ Extinction Rebellion သည် ယင်းကို တာဝန်ယူသည်ဟု ကြေညာခဲ့ပါသည်။ Extinction Rebellion မှ ပြောရေးဆိုခွင့်ရှိသူက The Guardianသတင်းထောက်နှင့် တွေ့ဆုံရာတွင် ၄င်းနာမည်ကျော် ပန်းချီကားတွင် ဖုံးထားသော ပလပ်စတစ်အကာ ပျက်စီးခဲ့သော်လည်း ပန်းချီကား ပျက်စီးမှု လုံးဝမရှိကြောင်း ပြောကြားခဲ့ပါသည်။