တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အပြုသဘောဆောင်သောအင်အား ပိုမိုစွမ်းဆောင်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00)2022-10-10 14:46:22  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း တရုတ်နိုင်ငံမှ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် စွမ်းဆောင်မှုများ ပြုခဲ့သည့်အကြောင်းကို ယခုလ ၉ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ခဲ့ရာ၌ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အားကောင်း ဆက်တိုက် ညီမျှစွာ တိုးတက်ရန် အတွက် အပြုသဘောဆောင်သောအင်အားများကို ပိုမိုစွမ်းဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်မငြိမ်၊ မရေမရာဖြစ်မှု များလာပြီး၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါအခြေအနေမှ ရိုက်ခတ်မှုအောက်တွင် တရုတ်စီးပွားရေးတည်ငြိမ်စွာ ဖွံ့ဖြိုးမှုသည် ကမ္ဘာ့စီးပွားရေးနာလန်ပြန်ထူရန်အတွက် တက်ကြွသောစွမ်းဆောင်မှုများ ပြုခဲ့သည်ဟု သတင်းအရသိသည်။