ပြင်သစ်ရေနံချက်စက်ရုံ ဆက်လက် သပိတ်မှောက်နေမှုကြောင့် ဓါတ်ဆီဆိုင်များ ဓါတ်ဆီပြတ်လပ်မှု ရင်ဆိုင်နေရ

(GMT+08:00)2022-10-10 14:54:19  

အောက်တိုဘာလ ၉ ရက်နေ့က ပြင်သစ်ဓါတ်ဆီဆိုင်များ ဓါတ်ဆီပြတ်လပ်မှုအခြေအနေ ဆက်တိုက် ဆိုးရွားနေကြောင်း၊ ထိုနေ့ ညနေပိုင်းအထိ ၂၉.၇ ရာခိုင်နှုန်းရှိသော ဓါတ်ဆီဆိုင်များတွင် အနည်းဆုံး ဓါတ်ဆီတစ်မျိုး ပြတ်လပ်လုနီး ဖြစ်ကြောင်း၊ Hautes-de-France နှင့် Ile-de-France ဒေသနှစ်ခုသည် ထိခိုက်မှု အဆိုးရွားဆုံးဒေသဖြစ်ပြီး ၅၄.၈ရာခိုင်နှုန်းနှင့် ၄၄.၉ရာခိုင်နှုန်းရှိသော ဓါတ်ဆီဆိုင်များ ဓါတ်ဆီပြတ်လပ်မှုကို အသီးသီး ရင်ဆိုင်နေရကြောင်း သတင်းအရ သိရပါသည်။