ကန်ပြည်သူအချို့သည် ငွေကြေးဖောင်းပွမှုကြောင့် နေထိုင်မှု ဝန်ထုပ်ဝန်ပိုး တိုးများလာ၍ အငြိမ်းစားယူခြင်းကို နှောင့်နှေးရန် စီစဉ်

(GMT+08:00)2022-10-10 14:51:58  

    အမေရိကန် FOX၏ အောက်တိုဘာလ ၇ရက်နေ့က သတင်းထုတ်ပြန်ချက်အရ အမေရိကန် တစ်ပြည်လုံးမှ အငြိမ်းစားယူခြင်းသုတေသနဌာနများမှ စစ်တမ်းကောက်ယူမှု ရလဒ်အရ ၇၃ ရာခိုင်နှုန်းသော စစ်တမ်းဖြေဆိုသူများက ဝင်ငွေ မလုံလောက်သောကြောင့် အငြိမ်းစားယူခြင်းကို နှောင့်နှေးရန် စီစဉ်ကြကြောင်း၊ ၄၇ ရာခိုင်နှုန်းသော ဖြေဆိုသူများက ယခုရက်များတွင် ဈေးကွက် မတည်မငြိမ်ဖြစ်၍ ၄င်းတို့၏ စုဆောင်းငွေ တန်ဖိုး လျော့ကျသည်ဟု ဖေါ်ပြကြောင်း၊ အငြိမ်းစားယူရေးအစီအစဉ်နှင့် ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှုအပေါ် အကောင်းဘက်မြင်လိုသူ အချိုးအစားသည် ၂၀၂၁ ခုနှစ်က ၇၂ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၂ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်းအထိ ကျဆင်းလာ ခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။