ထိုင်းနိုင်ငံ မူကြိုကျောင်း သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူများအား ဝမ်းနည်းကြောင်း ဖေါ်ပြ

(GMT+08:00)2022-10-09 14:56:38  

  ထိုင်းနိုင်ငံ နွန်မိုလန်ပူပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများသည် အောက်တိုဘာလ ၈ ရက်နေ့က စုစည်းကြပြီးသေဆုံးသူများအား ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။ အောက်တိုဘာလ ၆ ရက်နေ့က မူးယစ်ဆေးဝါး သုံးစွဲမှု ရာဇဝင်ရှိသော ရဲဟောင်းတစ်ဦးသည် နွန်မိုလန်ပူပြည်နယ်ရှိ မူကြိုကျောင်းတစ်ကျောင်းတွင် သေနတ်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ၄င်းအပါအဝင် လူ ၃၇ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ယင်းမှုခင်းအပေါ် ထိုင်းအလွှာပေါင်းစုံတို့က အံ့သြတုန်လှုပ်ပြီး ထိုင်းနိုင်ငံရှိ သေနတ်ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါး ပြဿနာများကို လွန်စွာ အာရုံစူးစိုက်လာကြပါသည်။