၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတ္တမ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ပီကင်း၌ ကျင်းပ

(GMT+08:00)2022-10-09 14:44:30  

  ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတ္တမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ ကျင်းပခဲ့ပါသည်။ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဗဟိုကော်မတီ ကိုယ်စား မျက်နှာစုံညီ အစည်းအဝေးတွင် လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပြီး ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံသို့ တင်ပြရန် ဆွေးနွေးကြမည့် အစီရင်ခံစာ အကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဝမ်ဟုနင်သည် ဆွေးနွေးကြမည့် တရုတ်ကွန်မြူနစ်ပါတီ အခြေခံစည်းမျဉ်းဥပဒေ(ပြင်ဆင်ရေးမူကြမ်း) အကြောင်းကို မျက်နှာစုံညီအစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။