ကန် နေရာအများအပြား၌ စွန့်ပစ်ရေထဲတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး သိပ်သည်းဆ မြင့်တက်လာပြီး ကူးစက်ခံရသူဦးရေ တစ်ရှိန်ထိုး တိုးလာနိုင်

(GMT+08:00)2022-10-09 14:56:10  

အမေရိကန်၌ ဆောင်းတွင်းဝင်လာသည်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ တစ်ရှိန်ထိုး တိုးလာနိုင်မည်ဟု အမေရိကန်National Public Radioအသံလွှင့်ဌာနမှ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန် Pennsylvania ပြည်နယ်၊ Connecticutပြည်နယ်၊ Vermontပြည်နယ်နှင့် အမေရိကန်အရှေ့မြောက်ပိုင်းဒေသများ၌ စွန့်ပစ်ရေထဲတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး သိပ်သည်းဆ မြင့်တက်လာနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ယင်းသည် ကြိုတင် သတိပေးချက်တစ်ခု ဖြစ်နိုင်ပါသည်။