ဂျပန်က နျူကလီးယားရေညစ် ပင်လယ်ထဲသို့ အတင်းအဓမ္မ စွန့်လွှတ်ခြင်းကို ရပ်တန့်ရန် တရုတ် ထပ်လောင်း လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2022-10-09 14:52:29  

   တိုကျိုလျှပ်စစ်ဓါတ်အားပေးကုမ္ပဏီက နျူကလီးယားရေညစ်၏ လုံခြုံမှုဆိုင်ရာ သတင်းအတုဖြန့်ခြင်းကို ဂျပန် မီဒီယာက ဖော်ပြခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုင်ငံတကာမိသားစုကြီးနှင့် ဂျပန်ပြည်သူများ၏ တရားမျှတသည့် စိုးရိမ်ပူပန်မှုကို ဂရုပြုပြီး အိမ်နီးချင်းနိုင်ငံများ အပါအဝင် သက်ဆိုင်ရာဘက်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြည့်အဝ ညှိနှိုင်း ဆွေးနွေးကာ နျူကလီးယားရေညစ် ပင်လယ်ထဲသို့ စွန့်လွှတ်ခြင်းကို အတင်းအဓမ္မ တွန်းအားပေးမှုများကို ရပ်တန့်၍ သိပ္ပံနည်းကျပြီး ပွင့်လင်း မြင်သာသော ဘေးကင်းသည့် နည်းလမ်းများဖြင့် နျူကလီးယားရေညစ်ကို ကိုင်တွယ်ဖြေရှင်းရန် ၈ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်း လှုံ့ဆော်တိုက်တွန်းခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။