ဂျပန်အနေနှင့် တရုတ်ပြည်၌ ကျန်ရစ်ခဲ့သည့် ဓာတုလက်နက်များဖျက်ဆီးရေးအစီအစဉ်ကို ဘက်စုံတိကျစွာ လက်တွေ့ဖေါ်ဆောင်ရန် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2022-10-09 14:48:35  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်ပြည်တွင် ဂျပန်မှ ကျန်ရစ်ခဲ့သည့် ဓာတုလက်နက်များဖျက်ဆီးရေးအစီအစဉ်သည် ၃ ကြိမ် တိုင်တိုင် အချိန်ကျော်လွန်ရုံသာမက၊ စတုတ္ထအကြိမ် အချိန်ကျော်လွန်မည်ဖြစ်ပြီး၊ ဂျပန်အနေနှင့် နိုင်ငံတကာမိသားစုကြီးနှင့် တရုတ်ပြည်အပေါ် နိုင်ငံရေးနှင့် တရားဥပဒေအရ ကတိပြုချက်ကို လိုက်နာပြီး၊ ဓာတုလက်နက်များဖျက်ဆီးရေး အစီအစဉ်ကို ဘက်စုံတိကျစွာ လက်တွေ့ဖေါ်ဆောင်ရန် တရုတ်ပြည်ဘက်မှ ပြင်းပြင်းထန်ထန် လှုံ့ဆော်တိုက်ကြောင်း ယခုလ ၈ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟုChina Media Group မှသတင်းအရသိရသည်။