Advanced Space-based Solar Observatoryဂြိုဟ်တုကို တရုတ် အောင်မြင်စွာလွှတ်တင်

(GMT+08:00)2022-10-09 14:52:55  

အောက်တိုဘာလ ၉ရက်နေ့ နံနက်၇နာရီ ၄၃မိနစ်တွင် တရုတ်နိုင်ငံသည် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းတွင် Long March -၂ (ဃ)သယ်ဆောင်ဒုံးပျံဖြင့် Advanced Space-based Solar Observatoryဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင် ခဲ့ပါသည်။ ၄င်းဂြိုဟ်တုသည် သတ်မှတ်ထားသော ကမ္ဘာပတ်လမ်းကြောင်းသို့ ဝင်ရောက် လိုက်ပြီး လွှတ်တင်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ၄င်းမှာ Long March သယ်ဆောင်ဒုံးပျံ၏ ၄၄၂ ကြိမ်မြောက် ပျံသန်းမှု ဖြစ်ပါသည်။