Krymskyတံတားဖြစ်ရပ်သည် “အစ”သာဖြစ်သည်ဟု ယူကရိန်းသမ္မတရုံး အကြံပေးအရာရှိက ဆို

(GMT+08:00)2022-10-09 14:54:41  

ယူကရိန်းသမ္မတရုံး အကြံပေးအရာရှိ Podolyakက Krymsky တံတား ဖြစ်ရပ်သည် “အစ”သာဖြစ်သည်ဟု ၈ရက်နေ့က ပြောကြားခဲ့ကြောင်း ယူကရိန်း လွတ်လပ်ရေး သတင်းဌာနမှ သတင်းအရ သိရပါသည်။

၈ ရက်နေ့ နံနက်ပိုင်းက Kerch ရေလက်ကြားကို ဖြတ်ကျော်သော Krymsky တံတားပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သောကြောင့် လမ်းတစ်စိတ်တစ်ပိုင်း ပျက်စီး ခဲ့ကြောင်း ရုရှားမီဒီယာများမှ သတင်းအရ သိရပါသည်။

ရုရှားသမ္မတပူတင်က Krymsky တံတား အရေးပေါ်ဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရကော်မတီကို ဖွဲ့စည်းရန် အမိန့်ချခဲ့ပါသည်။ Krymsky သက်ဆိုင်ရာအရာရှိက ပျက်စီးသွားသော Krymskyတံတား၏ လမ်းတစ်စိတ်တစ်ပိုင်းကို ပြုပြင်မွမ်းမံမည် ဖြစ်ပြီး ယူကရိန်းဘက်သည် ယင်းကိစ္စကို တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့ပါသည်။