အမေရိကန်က စီးပွားကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးကိစ္စနှင့် လက်နက် ဖြစ်အောင် လုပ်ခြင်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးကို တားဆီးနိုင်မည် မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00)2022-10-09 14:44:59  

တရုတ်ပြည်၏ ချစ်ပ်ပြားတင်ပို့မှုအပေါ် အမေရိကန်မှ ကန့်သတ်ထိန်းချုပ်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်က သိပ္ပံနည်းပညာနှင့် စီးပွားကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးကိစ္စနှင့် လက်နက် ဖြစ်အောင် လုပ်ခြင်းသည် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးရေးကို တားဆီးနိုင်မည်မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပိတ်ဆို့ပြီး ကိုယ့်အတတ်ကိုယ်စူး ဖြစ်မည်သာ ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။