Crimea တံတား မော်တော်ကားလမ်း ပုံမှန်ပြန်ဖြစ်လာ

(GMT+08:00)2022-10-09 14:53:44  

Crimeaတံတား မော်တော်ကားလမ်း ပုံမှန်ပြန်ဖြစ်လာကြောင်း၊ လုံခြုံရေး ဘက်စုံ စစ်ဆေးပြီးနောက် ဆလွန်းကားနှင့် ဘတ်စ်ကားများ ပြန်လည်ပုံမှန်ပြေးဆွဲနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် ထရပ်ကားများ ဖယ်ရီဖြင့် ပို့ဆောင်နေရကြောင်း Crimea ဒေသအုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်ကို ကိုးကား၍ ယနေ့ရုရှား သတင်းဌာနသည် အောက်တိုဘာလ ၈ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

Crimeaတံတား မီးရထားလမ်း အခြေခံအဆောက်အအုံ တိုင်းထွာစစ်ဆေးရေးနှင့် ပြုပြင်မွမ်းမံရေးလုပ်ငန်းကို ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

အောက်တိုဘာလ ၈ရက်နေ့က Crimea တံတား မော်တော်ကားလမ်းတွင် ထရပ်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် မော်တော်ကားလမ်းနှင့်အပြိုင် မီးရထားလမ်းရှိ ကုန်တင်မီးရထားမှ ဆီတိုင်ကီ ၇ ခု မီးလောင်ပြီး မော်တော်ကားလမ်း အစိတ်အပိုင်း ပျက်စီးခဲ့ပါသည်။