Floyd လို ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားခြင်းသည် အမေရိကန်၏ ရှက်ဖွယ်ရာပင် ဖြစ်သည်

(GMT+08:00)2022-10-08 10:59:39  

မကြာခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ်က အမေရိကန် အပါအဝင် နိုင်ငံအချို့ရဲ့ ဥပဒေကျင့်သုံးရေး ဌာနတွေက တိုင်းရင်းသားလူနည်းစုအပေါ် ခွဲခြားအထင်သေး အာဏာကျင့်သုံးမှု လုပ်ရပ်များကို လွန်စွာ အာရုံစိုက်နေပြီး အဲဒီဌာနများက တည်ရှိနေဆဲ ပြင်းထန် ဆိုးဝါးတဲ့ လူမျိုးအထင်သေးခွဲခြားရေး ပြဿနာကို မှန်ကန်စွာသဘောထားရန်၊ Durban ကြေညာချက်နဲ့ လုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ပေးရန်၊ Floyd လို ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များ ပြန်မဖြစ်ပွားစေရန် ပန်ကြားခဲ့ပါတယ်။

သက်ဆိုင်ရာစာရင်းအရ Floyd ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်အတွင်း အမေရိကန် တစ်ပြည်လုံးမှာ အာဖရိက အနွယ်ဖွား ၂၂၉ ဦးထက်မနည်း အသတ် ခံခဲ့ရတယ်။ ဒီနှစ်အတွင်း အမေရိကန်မှာ ရဲတို့ရဲ့ အာဖရိက အနွယ်ဖွားများကို ရည်ညွှန်းတဲ့ ကြမ်းတမ်းရက်စက်စွာ ဥပဒေကျင့်သုံးမှု ဖြစ်ရပ်များလည်း ဆက်တိုက် တိုးများခဲ့တယ်။

အဲဒီ ဖြစ်ရပ်ဆိုးတွေက အမေရိကန်ပုံစံ လူ့အခွင့်အရေးရဲ့ မျက်နှာဖုံးကို အကြိမ်ကြိမ် ဖွင့်ချပြီး အမေရိကန်ဟာ အမေရိကန် နိုင်ငံရေးသမားတို့ ကြွားဝါနေတဲ့ ဒီမိုကရေစီနတ်ပြည် ဆိုတာ လုံးဝမဟုတ်ဘဲ လူသားရဲ့ အခြေခံအသက်ရှင်နေထိုင်ရေး အခွင့်အရေးတောင် အာမခံချက် မရှိတဲ့ နေရာပဲ ဖြစ်တယ် ဆိုတာကို ပြသထားပါတယ်။

ဒီနှစ် သြဂုတ်လမှာ ကုလသမဂ္ဂ လူမျိုးချင်းခွဲခြားအထင်သေးမှု ပပျောက်ရေးကော်မတီက အမေရိကန်ရဲ့ ကာလရှည်ကြာတဲ့ လူမျိုးချင်းခွဲခြားအထင်သေးမှု ပြဿနာကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ကျင်းပနေဆဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေးမှာလည်း အစည်းအဝေးတက်ရောက်သူများက အမေရိကန်အား ပြည်တွင်းရှိ စနစ်ဆိုင်ရာ လူမျိုးချင်းခွဲခြားရေး ပြဿနာကို ဖြေရှင်းဖို့ ထိထိရောက်ရောက် ဆောင်ရွက်ရန် လှုံ့ဆော်တိုက်တွန်းခဲ့ကြပါတယ်။

Floydလိုဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပွားခြင်းဟာ အမေရိကန်ရဲ့ ရှက်ဖွယ်ရာပဲ ဖြစ်တယ်။ နိုင်ငံတကာမိသားစုကြီးမှ ပြစ်တင်သံများကို ရင်ဆိုင်လျက် အမေရိကန်အနေနဲ့ ပြည်တွင်းရှိ လူမျိုးချင်းခွဲခြားအထင်သေးမှု သဘောပါတဲ့ ဥပဒေ၊ မူဝါဒနဲ့ ဆောင်ရွက်ချက်များကို ဘက်စုံစိစစ် ပြုပြင်သင့်ပြီလို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင်  ရေးသားဖေါ်ပြထားပါသည်။