S5/S6 စမ်းသပ်ဂြိုဟ်တုများကို တရုတ် အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-10-08 12:23:02  

ပီကင်းစံတော်ချိန် အောက်တိုဘာလ ၇ရက်နေ့ ည ၉နာရီ ၁၀မိနစ်တွင် တရုတ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းသည် Long March -၁၁ သယ်ဆောင်ဒုံးပျံဖြင့် WeiliSpace Beidou Low-orbit Navigation Augmentation System S5/S6 စမ်းသပ်ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင်ခဲ့ပါသည်။ ၄င်းဂြိုဟ်တုများသည် သတ်မှတ်ထားသောကမ္ဘာပတ်လမ်းကြောင်းသို့ ဝင်ရောက်လိုက်ပြီး လွှတ်တင်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ၄င်းဂြိုဟ်တုများကို လွှတ်တင်သည့် အဓိက ရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးဂြိုဟ်တုလမ်းပြစနစ်၏ ဝန်ဆောင်မှုကို အချိန်နှင့် တပြေးညီ တိုင်းတာကြပ်မတ်ရန်၊ လမ်းပြမြှင့်တင်ရေးနှင့် လေဆာဆက်သွယ်ရေး စမ်းသပ်မှုများကို ပြုလုပ်ရန် ဖြစ်ပါသည်။