တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်ရှည်အတွင်း တရုတ်ပြည်တွင်း ခရီးသွား ဦးရေ (၄၂၂)သန်းရှိ

(GMT+08:00)2022-10-08 12:44:49  

တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာန အချက်အလက်စင်တာ၏ တိုင်းတာချက် အရ ၂၀၂၂ ခုနှစ် တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်ရှည် ၇ ရက်အတွင်း တရုတ်ပြည်တွင်း ခရီးသွားဦးရေ (၄၂၂)သန်း ရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် (၁၈.၂)ရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊ ပြည်တွင်းခရီးသွားဝင်ငွေ တရုတ်ယွမ်ငွေ (၂၈၇.၂၁)ဘီလီယံရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် (၂၆.၂)ရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊ တရုတ်ပြည် တစ်ပြည်လုံး ယဉ်ကျေးမှုနှင့်ခရီးသွား ရုံးပိတ်ရက်ဈေးကွက်များ  ယေဘုယျအားဖြင့် လုံခြုံပြီး တည်ငြိမ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။