တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ မီဒီယာစင်တာ အောက်တိုဘာလ ၁၂ ရက်နေ့မှ ဖွင့်လှစ်မည်

(GMT+08:00)2022-10-08 13:18:38  

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံ မီဒီယာစင်တာသည် အောက်တိုဘာလ ၁၂ ရက်နေ့မှ ဖွင့်လှစ် မည်ဖြစ်သည်။ မီဒီယာစင်တာသည် ပါတီညီလာခံကို လာရောက်သတင်းယူကြသည့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၊ ထိုင်ဝမ်ဒေသများမှ မီဒီယာသတင်းထောက်များနှင့် နိုင်ငံခြားသတင်းထောက်များအတွက် အင်တာဗျူးလက်မှတ် ကိုင်ဆောင်ရန် လျှောက်ထားခြင်း၊ အင်တာဗျူးလျှောက်လွှာ လက်ခံခြင်း၊ သတင်းစာရှင်းလင်းပွဲ စည်းရုံးခြင်း စသည့် အလုပ်များကို ဆောင်ရွက်သွားမည်ဟု China Media Group မှ သတင်းအရ သိရသည်။